Friday, October 27, 2006

တမ်းတသူ၏ အလွမ်းခြေရာများ












တမ်းတသူ၏ အလွမ်းခြေရာများ

တမ်းတမိတယ် နံနက်ခင်းရဲ့ နိုးထခြင်းတွေနဲ့

တို့ . အတူရှိခဲ့ဖူးတဲ့ နေ့ရက်တွေကို ……. ။

တမ်းတမိတယ် ကိုယ့်ရဲ့လက်လေးကို မင်းခပ်ဖွဖွဆုပ်ကိုင်

ဟိုး . အဝေးက ကမ်းခြေတလျောက်

တို့ . အတူလျောက်ခဲ့ဖူးတဲ့ နေ့ရက်တွေကို …….။

တမ်းတမိတယ် ညရဲ့ လရိပ်အောက် နမ်းရှိုက်တပ်မက်ဖူးတဲ့

မင်းရဲ့ နှုတ်ခမ်းလေး လေပြေအဆော့မှာ

ပြေးကစားတတ်တဲ့ နဖူးစပ်ကမင်းဆံနွယ်လေး

မင်းခိုးနမ်းခဲ့တယ့် ကိုယ့်ပါးပြင်ပေါ်ကမှဲ့အညိုလေး

တို့ . အတူရှိခဲ့ဖူးတဲ့ ညခင်းဆည်းဆာတွေကို. ။

တမ်းတမိတဲ့ တမ်းတခြင်းတွေကို အရေဖျော်သောက်

ကိုယ် ရူးသွပ်စွာနဲ့ မူးမိုက်ခဲ့ဖူးတယ်

အခုတော့ ဒီတမ်းတမှုတွေကို လောင်စာလုပ်ပြီး

ပြိုပျက်ကျနေတဲ့ စိတ်ကူးအဆွေးအမြေ့တွေကို

တရွေ့ရွေ့ နဲ့ ဘ၀ကို ထိမ်းကျောင်းမောင်းနှင်နေရတော့တယ် . ။

♥ဆွိ

0 comments: