Friday, October 27, 2006

ပန်းပွင့်မယ့်ရင်ခွင်


မျက်ရည်တွေနဲ့ လွမ်းခွင့်မရှိတော့အောင်

တို့တတွေအဝေးဆုံးထိ ဝေးခဲ့ကြပေါ့

ရင်ခွင်ကိုအမှောင်တိုက်သွင်းမယ်

လရောင်အောက်မှာစမ်းတ၀ါးဝါးလျှောက်မိသူလို

မျှော်လင့်ချက်မဲ့မျက်ဝန်းတစုံရဲ့ ခဏတာပြုစားမူနဲ့အတူ

ကိုယ်ကျေကျေနပ်နပ်ကြီးအိပ်မောကျပါရစေ

ရင်ခုန်သံတွေနဲ့ဘယ်တော့မှမနီးစပ်နိုင့်မယ်

ကြယ်ပွင့်တပွင့်အဖြစ်ကောင်းကင်ကနေ

အကြိမ်အကြိမ်ပဲ့ထွက်ခဲ့တဲ့ညပေါင်းတွေလည်း

အင်္သေချေဖြစ်ခဲ့ရပါပြီ....။

ဒဏ်ရာတွေတသီကြီးပွင့်နေတဲ့

ပန်းခင်းတံတားပေါ်မှာတောင်

စံပယ်တွေခခွင့်မရတော့တဲ့သူတယောက်ပါ

အသဲကွဲနည်းတခုရဲ့ချစ်ခြင်းကွန်ရက်မှာ

အဖန်ဖန်ခါးသီးမှုတွေပိုက်ထွေးရင်း

မြူနှင်းတွေရဲ့အခါခါရစ်သိုင်းမူမှာ

အကြိမ်ကြိမ်ဝေးလွင့်ခံစားရင်း

ကိုယ်တှိုင်ချုပ်နှောင်ထားတဲ့

ချစ်ခြင်းရဲ့မေ့မရခြင်းတခုထဲနဲ့ပဲ

ကိုယ့်ရင်ခွင်မှာ....ပန်းမပွင့်တာလည်းကြာပါပြီ

သိမှသိပါလေစ...ကြင်နာသူရယ်....။

♥ ဆွိသဉ္ဇာ

0 comments: