ပြန်ပါ့မယ်လေ...
ပြန်ပါ့မယ်လေ...
ဝေေ၀၀ါးဝါး ၊လမ်းဆုံကြားဝယ်...
ဗျာများမသင့်၊ဝေးရာလွင့်မယ်၊
သခင့်ဝန်းကျင်...မငြိမ်းချမ်း။
သခင့်ထံမှာ
အာရုံသောက်မှ ဆည်းဆာကျထိ
ဘ၀သက်လုံး ခိုချင်လည်း ...
သခင့်အနမ်း
နှင်းသောက်ပန်းနှင့်၊အလွမ်းသင့်၍
လေလွင့်မြူးတူးနေချင်လည်း...
ပန်းများမဖူး
ကြယ်မမြူးသော၊ချစ်ဦးသဲကျွန်း
ကန္တာစွန်းမှာ
အလွမ်းဘီလူးစောင့်တော့တယ်
မှောင်မိုက်ညိုပြာ
သခင့်ရွာမှာ၊ကြိမ်စာတတ်မျိုး
မာယာဆိုးနှင့်၊အညှိုးဆိပ်လူး
မုန်းဘီလူးလည်း၊စောင့်တော့တယ်
သည်တော့ပြေးပါ့မယ်လေ...
ဝေေ၀၀ါးဝါး၊မျှော်လင့်အားနဲ့
စောင့်စားမသင့်၊ဝေးရာလွင့်မယ်
သခင့်ဝန်းကျင်၊နေတစ်ထောင်...။ ။
နွမ်ဂျာသိုင်း
0 comments:
Post a Comment