တုန်လုဘော
တခါက အဖေက အိမ်မှာ ပြက္ခဒိန်ချိတ်ဖို့ ပြက္ခဒိန်ယူလာပါတယ်
ခါတိုင်းဝယ်နေကျ ပြက္ခဒိန်တွေမှာ မင်းသား မင်းသမီးတွေ ပုံပါရှိပြီး
သည်ပုံမှာက ထူးဆန်းစွာ မင်းသား၊ မင်းသမီးပုံတွေ မပါပဲ
နန်းတွင်းအ၀တ်စားနဲ့ ကနုတ်ပန်းခက်တွေ ထွင်းတားတဲ့
ရွှေရောင်တလက်လက် ပလင်ပေါမှာ ထိုင်နေတဲ့ ဘုရင်လို့
ယူဆရတဲ့ အမျိုးသားနဲ့ ဘေးမှာထိုင်နေတဲ့ မိဘုရားပုံဖြစ်နေပါတယ်။
အမေက ဒါဟာထိုင်းဘုရင်နဲ့ သူရဲ့မိဘုရားလို့ပြောပါတယ်။
အဖေကို မေးကြည့်တော့ ထိုင်းက ပြန်လာတဲ့ သူငယ်ချင်းတယောက်
လက်ဆောင်ပေးတာပါလို့ပြောပါတယ်။
ကျွန်မစိတ်ထဲမှာတော့ လက်ဆောင်ပေးတာများ ပြက္ခဒိန်ပေးရတယ်လို့
တွေးပြီး ဘ၀င်မကျ ဖြစ်မိပါတယ်
သို့သော်အဖေကတော့ ထိုပြက္ခဒိန်ကြီးကိုမက်မောစွာအိမ့် ရှေ့မှာချိတ်ဆွယ်ထားပါတယ်
ကျွန်မတို့ အိမ်ကိုလာသော ဧည့်သည်များကလဲ ထိုးပြိုးပြိုး လက်လက်ပြဣဒိန်ကိုကြည့်ပြီး
ဘယ်သူလဲ၊
ဘယ်ဝါလဲမေးယုံကလွဲလို့သည့်ထက်ပို့ပြီးစိတ်ဝင်စားဟန်မပြခဲ့ပါ။
တနေ့တွင် ကျွန်မတို့အိမ်ကို နယ်က ဧည့်သည် တယောက်ရောက်လာပါတယ်
အမေဈေးသွားနေတုန်းမို့ ထုံးစံအတိုင်း အန်တီကပဲ ဧည့်ခံစကားပြောရတာပေါ့
ဧည့်သည်အန်တီက စပ်စုတတ်သူပီပီ ကျွန်မတို့ရဲ့ အိမ်အနေထားကိုလေ့လာရင်း
ချိတ်ထားတဲ့ပြက္ခဒိန်ကိုမြင်သွား တော့ဒါဘယ်သူလဲဆိုပြီး မေးပါလေရော
ကျွန်မအဒေါက ‛′အော်ဒါထိုင်းဘုရင်နဲ့မိဘုရားလေး ‛′လို့ဖြေတော့
ဟိုအန်တီက ထိုင်းဘုရင်နာမည် ဘယ်လိုခေါလဲ ဆိုပြီးထပ်မေးပါလေရော
အဲ့သည်မှာ ကျွန်မအဒေါ အကြီးအကျယ်ဒုက္ခရောက်တော့တာပါပဲ။
သူ့ခမျာ အမေတို့ကပြောလို့သာ ဒါဘုရင်နဲ့မိဘုရားလို့သာသိရတာ၊
ဘယ်လိုလုတ်နာမည်သိနိုင်မှာတုန်း.......
မသိဘူးလို့ပြောပြန်ရင်လဲ ရန်ကုန်သူဖြစ်ပြီး မသိကောင်းလားဆိုပြီး
ဟိုအန်တီက အထင်သေးလိမ့်မည်။
ကျွန်မကလဲကလေး၊ ဘာမှမသိတဲ့သူဆိုတော့ ကျွန်မအဒေါမှာ အခက်တွေ့နေတယ်
ဒါနဲ့ပဲ အန်တီကလဲ ပါးစပ်ထဲတွေ့ရာ လန်ကြုတ်ပြောလိုက်တယ်။
အန်တီပြောလိုက်ပုံက ထိုင်းဘုရင်နာမည် ‛′တုန်လုဘော ‛′ တဲ့လေ
3 comments:
ရီရတယ်။ အဲဒီတော့ စပ်စုတဲ့  အန်တီက ဘာပြန်ပြောလဲ။
ကျနော်သာဆိုရင် ဒီ့ထက်လှတဲ့နံမည်တစ်ခု စဉ်းစားမိမယ်မထင်ဘူး..
လုပ်ချလိုက်ပြန်ပြီဗျာ…မသင်ဇာက တော်တော်လေးကိုရီအောင်ရေးတတ်တာပဲ
မချီးကျူးဘဲကို မနေနိုင်တော့ဘူး…
Post a Comment