Wednesday, November 01, 2006

The City Of Melbourne ( My Second Home Town)

Famous Yaraa River

South Bank & City




The Night Life Of Melbourne City





သူငယ်ချင်းတွေက မေးကြတယ်။
Sydney နဲ့ Melbourne ဘယ်မြို့က နေထိုင်လို့ အကောင်းဆုံးလဲတဲ့...
Melbourne မှာက Australia ကိုကျွန်မ စရောက်တည်းက
၇နှစ်နီးပါး နေလာခဲ့တာမို့
ကျွန်မရှဲ့ second home townဆိုရင်မမှားပါဘူး။
ကျွန်မကတော့ ကျွန်မမြို့ကို အလှပဆုံးလို့နဲ့ သိပ်ကိုငြိမ်းချမ်းတဲ့ မြို့လို့ဖြေပါမယ်။
ကျွန်မတို့ မြို့ကလေးက နေလို့ အကောင်းဆုံး၊ သန့်ရှင်းသပ်ရပ်တဲ့ မြို့ပြတွေထဲမှာ
နံပါတ်၅ အဆင့်ရှိပါတယ်။
ရာသီဥတုကတော့ ကျွန်မတို့မြို့ မှာပုံမှန်မရှိပါဘူး။
အရမ်းအေးသလို၊အရမ်းပူပါတယ်။
Autumn (fall) ရာသီရောက်ပြီဆိုရင် Mabel သစ်ရွက်ကလေးတွေ
လမ်းမထက်မှာကြွေကျနေတာ ဘာကိုလွမ်းရမှန်း မသိအောင် လွမ်းဖို့ကောင်းပါတယ်။
ကျွန်မတို့မြို့က သစ်ပင်ပန်းပင်တွေပေါ်များတာကြောင့် လေထုကလဲ သန့်ရှင်းလတ်ဆတ်ပါတယ်။
Suburbs တိုင်းလိုလိုမှာ ချယ်ရီပန်းပင်တွေ တန်းစီပေါက်လေ့ရှိပါတယ်။
ချယ်ရီပွင့်ချိန်ရောက်ရင် မြို့ကလေးက ပိုလို့တောင် ကဗျာဆန်သွားသလိုပါပဲ...။

ကျွန်မတို့ မြို့ကို တချို့တွေက Fashion City လို့တင်စားခေါ်ဝေါ်ကြပါတယ်။
တကယ်လဲ ကျွန်မတို့မြို့မှာ နာမည်ကြီး Designer တွေရဲ့ အ၀တ်အထည်ဆန်းများကို ရနိုင်ပါတယ်။
Shopping ထွက်ဖို့အကောင်းဆုံးနေရာတွေကတော့ Chapel Street, Chadstone
Shopping Centre, Burwood Shopping Centre, Punt Road,
Swanston Street, Bourkes Street တို့ဖြစ်ပါတယ်။ ဈေးလဲသက်သာရမယ်၊ပစ္စည်းကောင်းလဲလိုချင်တယ်ဆိုရင် Victoria Market,
D.F.O ( Direct Factory Outlet) မှာဈေးဝယ်နိုင်ပါတယ်။
တခြားနာမည်ကြီးတဲ့ Shopping Centre တွေ၊နေရာတွေရှိပါတယ်။
ကျွန်မက ဈေးဝယ်သိပ်မထွက်ဖြစ်တော့ မသိပါဘူး။

ကျွန်မက တခြားမောင်နှစ်မနဲ့မတူပဲကပ်စီးနဲ တတ်သူတယောက်ပါ။
ကျွန်မ ညီအမတွေက Versace လက်ကိုင်အိပ်ကို
ဒေါ်လာသုံးထောင်ကျော်ပေးပြီး ကိုင်တဲ့အချိန်မှာ ကျွန်မကသူ့ထက် Brand နိမ့်တဲ့ Guess
လက်ကိုင်အိပ်ကို D.F.O့က နေဒေါ်လာသုံးရာကျော်ပေးပြီး ၀ယ်ကိုင်ပါတယ်။
ဒါတောင် ကျွန်မအတွက်ဈေးအရမ်းများနေပြီ။
ကျွန်မညီအမတွေက ကွယ်ရာမှာ မချိုက ကပ်စီးနဲတယ်လို့ ပြောကြတယ်။
တကယ်တော့ ကျွန်မက ကိုယ်ရတဲ wages နဲ့ ကိုယ့်မှာရှိတဲ့ budget ကိုတွက်ချက်ပြီး သုံးရသူပါ။


ကျွန်မတို့မြို့မှာ အ၀တ်အထည်ကလွဲလို့အစစအရာရာ ဈေးသက်သာပါတယ်။
အထူးသဖြင့် Transportation Fess ပါ်၊ Train Ticket တစောင်ဝယ်ထားရင် Tram, Bus
နာရီ Expire မဖြစ်သေးသရွေ့ ကြိုက်ရာတတ်စီးလို့ရပါတယ်။
ရထားတွေကလဲ၁၅မိနစ်စ တစင်းထွက်လေ့ရှိပါတယ်။

အကယ်ရွေ့ ကိုယ်က Students, Unemployed, Pensioner ဆိုရင်
Concession ရပါတယ်။ ပိုက်ဆံအပြည့် မပေးရပါဘူး။

နောက်တခု Grocery Shopping ထွက်မယ်ဆိုရင် Footscray Market,
Springvale Market ကအကောင်းဆုံးပါပဲ။ သား၊ ငါး ၊ပုစွန် ၊ဟင်းသီးဟင်းရွက်၊ သစ်သီး များ ကိုလတ်လတ်ဆတ်ဆတ် ဈေးချိုစွာနဲ့ရနိုင်ပါတယ်။

လှပပြီး ငြိမ်းချမ်းလွန်းတဲ့ ကျွန်မမြို့ကလေးနဲ့ ခွဲလာခဲ့တာ အခုဆို၂လရှိပါပြီ။

လွမ်းလွန်းလို့ပါ ...။ တနေ့ နေ့တော့...ရောက်အောင်ပြန်လာခဲ့ပါ့မယ်ချစ်သော မြို့ကလေးရေ.....။ ။




1 comments:

Myanmar Blues said...

Ma Cho? Nice name :D