Saturday, December 09, 2006

လွမ်းအရိပ်

ညကတိတ်ဆိတ်လိုက်တာ။ ထိုတိပ်ဆိပ်ခြင်းကပဲ လွမ်းဆွေးမူကို ပိုမိုဖန်တီးနေသလား။ အပြင်ဘက်မှာ နှင်းတွေက ပိန်းပိတ်အောင် ထူထပ်နေတာ အမှောင်ထုက ပိုပြီး သိပ်သည်းနေသည်။ အရိုးကွဲအောင်အေးလှသော ဆောင်းရာသီ၏ ညများမှာ ကျွန်မအိပ်မပျော်နိုင်ခဲ့ပါ။ ဖွင့်ထားသော ပြတင်းပေါက်မှတဆင့် ကျွန်မအိပ်ခန်းထဲသို့ ဆောင်းလေက၀င်ရောက်လာသည်။
ဆောင်းလေအဝှေ့မှာ ကျွန်မ၏အခန်းစီးဇာဖြူလေးလွင့်သွားသည်။ လွင့်ပျံ့လာသောညလေနှင့်အတူ မြတ်လေးပန်းရနံကမွှေးပျံ့လာသည်။ထိုစဉ်မှပဲ ဂစ်တာကြိုးညှိသံ၊တစုံတယောက်သီချင်းဆိုသံသဲ့သဲ့ကိုကြား လိုက်မိသည်။ ဘယ်သူများပါလိမ့်.... သူများဖြစ်နေမလား. ဟင့်အင်း.....မဖြစ်နိုင်တာ။ယောင်ယမ်းရ်ျနားနှစ်ဖက်ကိုပိတ်လိုက်မိသည်။
“သူ” ဆိုသောအတွေးကိုတွေးမိသောအခါ ကျွန်မရင်ထဲမောပန်းနွမ်းလျှသွား ပါတော့သည်။

ရင်ခုန်ခြင်းအပိုင်းအစများ(၁)

"ဟောင်းနွမ်းသွားသောအရာတခုဟာကြာမြင့်သောအခါမှုံဝါးသွားတတ်သည်။
သို့သော် အချိန်ဘယ်လောက်ကြာကြာမှုံဝါးသွားသောအရာများတွင်သံယောဇဉ်နှင့်ရင်ခုန်သံ
များမပါဝင်ခဲ့ပါ။ “
တကယ်တော့သူဆိုသည်မှာ.......
တကယ်တော့သူဆိုသည်မှာ.......

ကျောင်းတွေဖွင့်ကာစ ဇူလိုင်လရဲ့ မိုး စက်တွေဟာ ကျွန်မစိတ်ကိုကြည်နူးစေခဲ့သည်။ ငယ်စဉ်က မိုးရွာပြီဆိုရင် ကျွန်မတို့ညီအမတသိုက် စဣူလှေကလေးတွေ အိမ်ရှေ့ရေမြောင်းထဲမှာ လွတ်ပြီးကစားလေ့ရှိပါ သည်။ ကျွန်မတို့ ခြံကြယ်ကြီးထဲမှာ မောင်နှစ်မတွေ မိုးရေချိုးကြတယ်၊ တယောက်နဲ့တယောက် ရွံ့ဗွက်တွေနဲ့ ကောက်ပေါက်ကြတယ်လေ။ ကျွန်မတို့တွေ အလွန်ပျော်ခဲ့ကြ တာပေါ့။ အခုလို ကြီးပြင်းလာတော့လည်း ငယ်ငယ်ကလိုအဆော့မမက်တော့ပေမယ့်၊ မိုးရာသီရောက်ရင် အပြစ်ကင်းစင်တဲ့ကလေးဘ၀ ကိုလွမ်းဆွတ်စဲပါပဲ...။ ကျွန်မ၏ သူ့ကိုလည်း ဇူလိုင်လရဲ့ မိုးစက်တွေအောက်မှာ အမှတ်မထင် ဆုံတွေခဲ့သည်။ ထိုနေ့က လေတွေ အရမ်းတိုက်ပြီး၊ ကောင်းကင်တခုလုံး မည်းမှောင်နေသည်။ ကျွန်မတို့ကျောင်းကားက ရုတ်တရက် စက်ချို့ယွင်းသွားပြီး၊ ရှေ့ဆက်မမောင်းနိုင်တော့လို့ သူငယ်ချင်း၊ အခြားကျောင်းသူတွေနဲ့ အတူ ဘတ်စကားစီးပြီး အိမ်ပြန်ခဲ့ရ တဲ့နေကပေါ့ ...။ ကျောင်းဆင်းချိန်၊ရုံးဆင်းချိန်မို့ လူတွေများပြားလှတဲ့ဘတ်စကားပေါ်မှာ ကျွန်မတို့သူငယ်ချင်းတသိုက် တိုးရင်း၊ အမှတ်မထင် ကျွန်မရဲ့နောက်ကျောက “(....)ကျွန်တော့်ခုံမှာဝင်ထိုင်ပါဆိုတဲ့ “စကားသံကိုကြားလိုက်ရတယ်။
လှည့်ကြည့်လိုက်တော့...ကျွန်မနှင့် သက်တူရွယ်တူ ကောင်လေးတယောက်၊ နူးညံ့သိမ်မွေ့တဲ့ မျက်ဝန်းတွေနဲ့ ပြုံးပြနေတယ်။ သူငယ်ချင်းတွေ အားလုံးထဲမှာမှ ကျွန်မ တယောက်တည်းအတွက်
ဘတ်စကားပေါ်မှာ တနေရာစာ ထိုင်စရာလေးကို သူအရေးတယူထပေးတဲ့အတွက်၊ ကျးဇူးတင်ပါတယ်ဆိုတဲ့ အပြုံးတခုနဲ့ အသိအမှတ်ပြုခဲ့မိတယ်လေ။

နောက်ဆတ်တွဲ ရလတ်ကတော့...၊သူငယ်ချင်းကောင်မလေးတွေရဲ့ မျက်စောင်းလှလှနဲ့ တီးတိုးလှောင်ပြောင်သံကို သူ အလူးလဲခံခဲ့ရခြင်းပါပဲ...။
သူငယ်ချင်းတွေရဲ့ လှောင်ပြောင်သံကြားမှာပဲ၊ အနေရကျပ်စွာ သူ့ကိုကျွန်မခိုးကြည့်ခဲ့မိတယ်။
ပြတင်းပေါက်က လွင့်စင်လာတဲ့ မိုးစက်မိုးမှုံလေးတွေကြောင့် အညိုရောင်သမ်းတဲ့ သူ့ဆံပင်တွေအနည်းငယ်စိုစွတ်နေတယ်။သူ့လက်ထဲက ပွေ့ပိုက်ထားတဲ့ ဖတ်စာအုပ်တချို့မှာ သူ့နာမည်လေးထိုးထားတယ်။ကြားဖူးသမျှ နာမည်တွေထဲမှာ သူ့နာမည်ကအလှပဆုံးလို့ ကျွန်မစိတ်ထဲ
တွေးနေခဲ့မိတယ်။

ဒီလိုနဲ့ ညို့မှိုင်းလာတဲ့ မိုးတွေက ကျွန်မဆင်းရမယ့် မှတ်တိုင်မှာ ဘတ်စကားလဲရပ်ရော၊ မိုးစက်တွေ အငြိုးနဲ့ မြေပြင်ပေါ်ကို ခုန်ပေါက်ပြေးဆင်းလာကြလေရဲ့...။ ဘာလုပ်ရမှန်းမသိ၊ လက်ထဲမှာလည်း ထီးမပါလို့ စိတ်အပျက်ကြီး ပျက်နေတဲ့ကျွန်မကို သူသတိပြုမိပုံရတယ်။
ခေါက်ထီးအမဲလေးကို ကျွန်မလက်ထဲထည့်ပေးရင်း၊ “ကျွန်တော်ငုဝါလမ်းမှာ နေပါတယ်” ပြောပြီး၊ ကျောင်းစိမ်းပုဆိုးကို တိုတိုပြင်ဝတ် သူ မိုးရေထဲပြေးထွက်သွားခဲ့တယ်။
အဖြစ်ပျက်ကမြန်ဆန်လွန်းလို့ ကျေးဇူးတင်စကားတောင်မပြောလိုက်ရပဲ၊ သူ့နောက်ကျောကို ဒီအတိုင်းပဲ ထီးကလေး ကိုင်ရင်း ကျွန်မငေးမောကြည့်နေခဲ့မိသည်။


5 comments:

Ka Daung Nyin Thar said...

မဆွိက စာရေးကောင်းသားဗျ.. ကျွန်တော် လာသွားတယ်နော်..

ကဒေါင်းညင်သာ.. (အားတဲ့ တရက်.. ပါစင်နယ် အီးမေးလ် ပို့လိုက်မယ်ဗျာ.. အခု အရမ်းကို အလုပ်တွေ ရှုပ်နေတယ်..)

LIN LET KYAL SIN said...

အဟမ်း အဟမ်း လွမ်းအရိပ်ဆိုလို့လွမ်းလာပြီနော်ဆွိလေး

အကိုဒေါင်း ဆွိက လင်းအချစ်ဆုံးသူငယ်ချင်းနော်။ သူ့ကိုခင်ချင်ရင် လင်းခွင့်ပြုချက် လက်မှတ်ပါမှရမှာ ဟဲဟဲ

Yan Aung said...

အရေးအသားလေးကကောင်းပါ့ဗျာ…

sisain said...

လွမ်းစရာလေးဗျာ-
သိပ်လွမ်းလို့ကောင်းတဲ့ စာလေးတွေ-

yeelin said...

DO I NEED UR PERMISION TOO ? . IF I WANT TO BE SWEET THUZAR . HAL HAL

UR BRO
JIMMY