Friday, November 17, 2006

စာရေးဆရာ နှင့်တာဝန်

ကလောင်သွားသည်ဓားသွားထက်ထက်သည်ဟုဆိုစမှတ်ပြုကြသည်။

ထိုစကားသည်စာရေးဆရာတို့အတွက်ဝင့်ဝါပလွှားသောစကားမျှသာမဟုတ်။

အကယ်မုချအားဖြင့်လည်းအလွန်မှန်ကန်သောစကားဖြစ်လေသည်။

ယခုအခါကမ္ဘာတ၀န်းလုံးပုခက်တွင်းမှကလေးများပါမကျန်လူသားတို့ဧ။်

ခေါင်းပေါတွင်လူ့သမိုင်းတွင်တခါမျှ

မကြုံခဲ့ရလောက်အောင်ကြောက်မက်ဖွယ်ကောင်းသောနျူကလီးယား

လက်နက်ကြီးများရစ်ဝဲလျက်ရှိလေသည်။

လူတယောက်ကမျက်ရိပ်ပြရ်ျလူတယောက်ကခလုတ်နှိက်လိုက်ရုံဖြင့်၂၄နာရီ

အတွင်းလူပေါင်းသိန်းသန်းကုဌေပျက်စီးစေနိုင်သည်။

နျူကလီးယားလက်နက်သည်ထိုမျှထက်မြက်ဧ။်။ယခုထိထိုထက်မြက်သော

လက်နက်မရှိသေးချေ။

သို့ပင်ဖြစ်လင့်ကစားနျူကလီးယားလက်နက်သည်လူသားတို့ကို

အကုန်အစင်မဖျက်ဆီးနိုင်။

ကမ္ဘာပေါတွင်လူဟူရ်ျကျန်တန်သလောက်ကျန်ရှိနိုင်သေးသည်။

ထိုအခါနျူကလီးယားလုပ်သောသူများပါပျောက်ကွယ်သွားရ်ျနျူကလီးယား

ခေတ်ကုန်သွားလိမ့်မည်။

နျူကလီယားသာပျောက်ကွယ်သွားမည်။လူဟူကားအညွန့်မတုံးနိုင်ချေ။

çကလောင်သည်ဓားလက်နက်ကဲ့သို့ခုတ်ထစ်ပိုင်းဖြတ်နိုင်စွမ်းမရှိ။

နျူကလီးယားလက်နက်ကဲ့သို့ရှိရှိသမျှတစ်ခုမဟုတ်ချင်းပျက်ပြားစေနိုင်ခြင်းမရှိချေ။

သို့သော်လူ၏အနှစ်ဖြစ်သောစိတ်ကိုကစားနိုင်သည်၊မွှေ့ရမ်းနိုင်သည်၊

ကြည်လင်စေနိုင်သည်၊ မည်းညစ်စေနိုင်သည်။

ကလောင်ကကောင်းရာသို့ပို့လျှင်အထက်ဘ၀ဂ်သာမကနိဗ္ဗာန်သို့ပင်တက်လှမ်းနိုင်သည်။

ကလောင်ကမကောင်းရာသို့ဆွဲလျှင်အ၀ီစိတွင်ချိုးကပ်စေနိုင်သည်။ကလောင်က

သတ်လျှင်အသက်ရှင်လျှက်ပင်သေစေနိုင်သည်။

နျူကလီးယားကားလူညွန့်မတုံးစေနိုင်၊ကလောင်ကမူကားလူညွန့်တုံးစေနိုင်သည်။

ခြေနှစ်ချောင်း၊လက်နှစ်ဖက်ခေါင်းတလုံးရှိပါလျက်လည်းတီကောင်လောက်မျှအသုံး

မကျသောဘ၀ရောက်စေနိုင်သည်။

ကလောင်ကိုင်သောလက်သည်နျူကလီးယားကိုင်သောလက်ထက်ကြောက်စရာ

ကောင်းသည်။

အစွမ်းသတ္တိထက်မြက်၏။အစွမ်းသတ္တိထက်မြက်သလောက်တာဝန်ကြီးလှပေသည်။

ထိုတာဝန်သည်စာရေးဆရာတို့အတွက်မည်မျှကြီးမားသနည်း။လူသားတို့အတွက်

ထိုတာဝန်ကိုကျေပွန်အောင်မည်သို့ထမ်းရွက်ကြအံ့နည်းဟူသောအပြစ်ကြီးသည်

ယနေ့စာရေးဆရာများရှေ့မှောက်သို့ရောက်လုပြီ။

စာရေးဆရာများကမည်သို့ဖြေရှင်းကြအံ့နည်း။

စာရေးဆရာများသည်လွပ်လပ်စွာတွေးရ်ျလွပ်လပ်စွာရေးနိုင်ပါသည်။လွပ်လပ်စွာတွေးရ်ျ

လွပ်လပ်စွာရေးမှသာလျှင်တကယ်အကျိုးပြုစာကောင်း ပေကောင်းများထွက်နိုင်ပါသည်။

ထိုကြောင့်စာရေးဆရာများမည်သို့တွေးရမည်၊မည်သို့ရေးရမည်စသည့်ကန့်သတ်မှုများ

ကိုမယုံကြည်ပါ။အရေးကြီးသည့်အချက်မှာစာရေးဆရာတို့၏အတွေးနှင့်အရေးကို

ခေတ်၏အလိုကအဘယ်မျှလောက်အရောင်ဟပ်ပါသနည်း။

စာရေးဆရာသည်ခေတ်၏လိုလားချက်ကိုရောင်ပြန်မဟပ်နိုင်လျှင်စာနှင့်ခေတ်မဆုံမိဘဲ

တစ်ဖတ်နှင့်တစ်ဖက်အံချောလျက်ရေးသမျှစာသည်တန်ဖိုးသတ္တိကင်းမဲ့၊အလဟသာ

ဖြစ်ရုံသာမကအကျိုးနည်းခဲ့ရသောထုံးသက်သေသာဓကများသည်ကမ္ဘာရာဇ၀င်တွင်

များစွာရှိပေသည်။

ဆရာဇေယျ

အောက်ပါ စကားစုများသည် သတင်းစာ ဆရာကြီး ဦးဇေယျ

၁၉၆၂ ခုနှစ်က ကမ္ဘာအေးကုန်းမြေတွင် ကျင်းပပြုလုပ်သည့်

စာရေးဆရာညီလာခံ၌ သတင်းစာဆရာကြီး ဦးဇေယျ တင်သွင်းသောစာတမ်းမှ

ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

ဇေယျနှင့်သူ၏သတင်းစာ


ဇေယျနှင့်သူ၏သတင်းစာ

ဆရာဇေယျသည်စစ်ကြို၊စစ်ပြီးမြန်မာစာပေလောက၏ထိပ်တန်းစာရေး

ဆရာကြီးတစ်ဦးဖြစ်သည်။

မြန်မာ့စာပေလောကထဲခြေချစအချိန်၌ဆရာဇေယျသည်သတင်းစာ

တစ်စောင်ကြီးမှုး ထုတ်ဝေဖူးသည်။

သူ့သတင်းစာ၏အမည်ကိုဆရာဇေယျကသူ့ကလောင်အမည်တိုင်း

ဇေယျဟုပေးထားသည်။

ဇေယျသတင်းစာကို၁၉၂၅ခုနှစ်၊ဧပြီလ၁၃ရက်နေ့မှစရ်ျတင်္နလာ

နေ့တိုင်းထုတ်ဝေသည်။

သတင်းစာမျက်နှာဖုံးတွင် အယ်ဒီတာဆရာယော ဟုတပ်ထားသည်။

ဇေယျသတင်းစာသည်သက်ဆိုးရှည်ကြာသည့်သတင်းစာတစောင်

မဟုတ်စေကာမူ မြန်မာနိုင်ငံ စာနယ်ဇင်းသမိုင်း၏ အစဦးစာနယ်ဇင်းများထဲတွင်တစ်စောင်ပါဝင်သည်

ယခုခေတ်အမြင်နှင့်ကြည့်လျှင်ဇေယျ သတင်းစာသည်

သတင်းစာထက် ဂျာနယ်ပိုဆန်သည်။

ရှေးခေတ်က တပတ်တကြိမ် ထုတ်စာစောင်များကိုလည်း

သတင်းစာဟုပင်ခေါ်ကြသည်။

ဇေယျသတင်းစာသို့မဟုတ်သတင်းစဉ်၌ခေါင်းကြီးပိုင်းနှင့်တကွ

နိုင်ငံရေး၊စီးပွားရေး၊ နိုင်ငံတကာရေး၊ စာပေ၊ကဗျာစသောကဏများ

ပါဝင်သည်။

ဇေယျ၏သီဟာပျံအခန်းဆက်ဝတ္တုကိုလည်းထည့်သွင်းဖော်ပြထားသည်။

ဆရာဇေယျသည်ဝတ္တု၊ဆောင်းပါးစာတမ်းများသည်နှောင်းပိုင်းမြန်မာစာပေ

သမိုင်း၏ မှတ်တိုင်အဖြစ်စာပေသမိုင်းတွင်ကျန်ရစ်မည့်စာများဖြစ်သည်။

ပါရဂူ

The road where we apart

လမ်းခွဲမှာ

တကယ်တန်းတို့တွေ

ခွဲခွာကြရပြီဆိုတော့

အပြန်လမ်း

နှုတ်ဆက်ခြင်းရဲ့

အပြုံးတစ်ပွင့်ဟာ

မျက်ရည်တစ်စ စိုခဲ့ရပြီ။

ခါးသက်တဲ့ ခွဲခွာခြင်းကို

ငါတို့ ဟန်ဆောင်ပြုံးထားလဲ

နှလုံးသား အတွင်းထဲမှာတော့

မျက်ရည်မိုးတွေစွေခဲ့ရပြီ။

ကြံမ္မာရိုင်း တစ်စမှာ

တို့တွေရဲ့

နှလုံးသားအစုံ

စတေးခံခဲ့ရတာ

ကောင်းကင်က ကြယ်တစ်စုံနဲ့

လမင်းကို သက်သေပြုလို့

ငါတို့ သိပ်ချစ်ခဲ့ရက်နဲ့

လမ်းခွဲမှာ

အပြုံးတစ်စနဲ့ ငိုနေခဲ့ရပြီ။