“ချစ်သူ့လက်ဖွဲ့ “
“အချစ်ဆိုတာအနေဝေးရင်တဖြည်းဖြည်းနဲ့သွေးအေးသွားတတ်တဲ့သဘောရှိတယ်လို့
တို့ကို သူငယ်ချင်းတွေကပြောကြတယ်။”
သည်စကားဟာ တို့အတွက်တော့ မှားတယ်ချစ်သူရယ်၊ဟိုးတုန်းကကျယ်လောင်ခဲ့
တဲ့ရင်ခုန်သံတွေဟာအခုထိ လည်းတိုးမှိန်မသွားဘူးဆိုတာတော့ဝန်ခံပါရစေ။
တို့နှစ်ယောက်ရဲ့ဘ၀ဟာအစတည်းကမြင်သာမြင်ရမကြင်ရတဲ့ဘ၀ပဲ....
သည့်အတွက် ချစ်သူ တို့ကိုလမ်းခွဲသွားတာအပြစ်မတင်ရက်တော့ပါဘူးလေ။
မှတ်မှတ်ရရ မင်းကိုစတွေ့ခဲ့တာ ၂၀၀၁ ခုနှစ်ရဲ့ ရက်တရက်ကပေါ့...။
တို့က အွန်လိုင်း ပေါ်မှာ assignment အတွက် research လုပ်ရုံ
သဘောနဲ့ပဲရောက်လာ ရုံသက်သက်ပဲ၊ chatting တွေလဲသိတ်စိတ်မ၀င်စားခဲ့ပါဘူး။ တနေ့ မှာ ငယ်ငယ်က ကျောင်းနေဘက် သူငယ်ချင်းက အတင်းဖိတ်ခေါ်လို့၊ မင်းတို့ conference ကိုရောက်ခဲ့တယ်။ မင်းတို့ အချင်းချင်း ငြင်းခုံနေတာ၊ စနောက်နေတာ ၊ရီမောနေတာ တို့ နားထောင်ရုံ သက်သက်ပါပဲ။ တို့ နဲ့မသိတဲ့ သူစိမ်းတွေကြားထဲမှာ ကိုယ့်ကိုကိုယ် မိတ်ဆတ်ရမှာ၊ စပြီး စကားပြောရမှာကို ရှက်ရွံ့နေတာ လည်းပါပါတယ်။
ခဏ ကြာတော့ တို့ စိတ်တွေမွန်းကြပ်လာလို့မင်းတို့ cf ထဲကထွက်လာခဲ့တယ်။
ဒါပေမယ့် မင်းက တို့ကို private chat room မှာ ဘာဖြစ်လို့ စကားမပြောတာလဲ၊ နာမည်လေးသိလို့ရမလား၊ဘယ်နိုင်ငံကလဲ ဆိုပြီးမေးခဲ့တယ်။
အဲ့ဒီညမှာတော့ မိတ်ဖြစ်ဆွေဖြစ်မင်းနဲ့အတူ စကားတွေထိုင်ပြောရင်း မင်း အကြောင်းနည်းနည်းပါးပါး ကိုသိခဲ့ရပါတယ်။
နောက်နေ့မှာ တို့ရဲ့ assignment ကို ဆရာဆီ email ပို့ဖို့ အွန်လိုင်းကို အလာ၊ မင်းကိုတွေ့လိုက်ရတယ်။
တို့ညပိုင်းတွေပဲ အွန်လိုင်း ပေါ်ကိုလာတတ်မှန်းသိလို့၊မင်းတမင်မအိပ်ပဲ စောင့်နေတယ်ဆိုတာ ချစ်သူတွေဖြစ်ပြီးမှ သိခဲ့ရတယ်။ မင်းနဲ့စကားပြောရတာ တို့ပျော်ပါတယ်။ မင်းနဲ့ယှဉ်ရင် တို့က စကားနည်းလွန်းသူပါ။အခုထိလည်း မင်းကို မပြောဖြစ်လိုက်တဲ့စကားတွေ တို့ရင်ထဲမှာ အကြိမ်ကြိမ်ပဲ့တင်ထပ်နေဆဲ....။ တကယ်တမ်း တို့ပြောခွင့်ရမယ်ဆိုရင်တောင်၊ မင်းအတွက် တို့ရင်ထဲက စကားတွေ အရာမ၀င်တော့ပါဘူးကွယ်။အားလုံးဟာ ပြီးဆုံးခဲ့ပြီပဲ....။
ထားပါတော့လဲ...တို့ကလဲ တို့ရဲ့ စာကျက်ချိန်တွေကို မင်းနဲ့ကုန်ဆုံးခဲ့သလို၊ မင်းကလဲမင်းရဲ့ အိပ်ချိန်တွေကို အွန်လိုင်းပေါ်မှာ ကုန်ဆုံးခဲ့တယ်။
တို့တွေအပြန်အလှန်စာရေးဖြစ်ကြတယ်... တို့ကျောင်းချိန် စောစောပြီးတတ်တဲ့ ဗုဒ–ဟူး၊သောကြာလိုနေ့မျိုးတွေမှာ ဖုန်းထဲမှာ နာရီပေါင်းများစွာစကားပြောဖြစ်ခဲ့သလို ၊weekend မှာလဲ တို့တွေစကားပြောဖြစ်ခဲ့ကြတယ်။ ပြောဖြစ်ခဲ့တဲ့အကြောင်းရာတွေထဲမှာ၊ တို့နှစ်ယောက်သိပ်ကိုကွာခြားတယ်ဆိုတာတို့အစထဲကသိသင့်ဖို့ကောင်းခဲ့တယ် နော်...။
တို့ဝါသနာပါတဲ့ စာပေ ဂီတတွေကို မင်းစိတ်မ၀င်စားပေမယ့် နားထောင်တဲ့အတွက်ကျေးဇူးပါ။ တို့က ဆရာမြို့မငြိမ်း၊ဆရာရွှေတိုင်ညွန့်၊နန်းတော်ရှေ့ဆရာတင်သီချင်းတွေကိုသိပ်ကြိုက်တယ်လို့ပြောပြတော့ မင်းအံအားသင့်နေခဲ့တယ်။ တို့ဘယ်တုန်းကမှ နားထောင်လို့မရခဲ့တဲ့ Rap, Hip Pop တို့ကိုမှ မင်းက နှစ်သက်ခဲ့တာလေ...။ မတူညီချင်း ၊မတိုက်ဆိုင်ချင်းကပဲ တို့နှစ်ယောက်ကို အနီးဆုံးတွန်းပို့ခဲ့တာလား
သည်လိုနဲ့ပဲ တို့နဲ့မင်းရဲ့ ခင်မင်မှု သံယောဇဉ်တွေ တနေ့ထက်တနေ့ ပိုတိုးလာတယ်။ ။
မင်းတို့ကို ချစ်တယ်လို့ ဖွင့်ပြောတာ မဆန်းပါဘူး။ ရင်းနှီးမှုဒဏ်ကိုမှ မခံနိုင်ပဲ.... တို့အပေါ်မှာ သာယာသွားတဲ့ မင်းစိတ်ကို အချစ်လို့ အလွယ်သဘောနဲ့ မင်းသက်မှတ်ခဲ့တယ်။
မင်းတို့ ယောကျာ်းတွေရဲ့အချစ်က မိုးတိမ်တွေလိုပဲ လွင့်ချင်ရာလွင့် ၊မျှော်ချင်ရာမျှော်
တွယ်ရာမဲ့ လွပ်လပ်ပေါ့ပါးတယ်နော်။ မင်းစိတ်ကို မင်းထက်ပိုသိခဲ့လို့လဲ၊ ဒီဇာတ်လမ်းကနေ ရုန်းထွက်ဖို့ကြိုးစားခဲ့ပါတယ်။ မအောင်မြင်ခဲ့ပါဘူးကွယ် .... မာယာစုံ၊ပညာစုံသုံးတဲ့ဒီပွဲမှာ တို့နှလုံးသား မောလျှစွာ ရှုံးနိမ့်ခဲ့တယ်။ မင်းကိုလက်ခံလိုက်ပြီဆိုတော့ တို့အသိုင်းဝိုင်းကကန့်ကွက်သလို၊သူငယ်ချင်းတွေကလဲ တို့ရဲ့ချစ်ခြင်းကိုနားမလည်နိုင်ခဲ့ကြဘူး။
သူတို့က ပြောခဲ့တာကတော့ မင်းမှာရီးစာတွေအများကြီး တဲ့...တို့ကမင်းရဲ့ online ပေါ်က one of them တဲ့လေ...။ ဘယ်သူတွေဘာပြောပြော တို့က မင်းရဲ့ မုသားချိုချိုတွေကိုပဲ နားထောင်ချင်ခဲ့သူပါ။
သိသိရက်နဲ့ တို့ မင်းကို ယုံခဲ့ပါတယ်။အားလုံး တို့အမှားတွေပါပဲ...။ အားလုံးရဲ့ ဝေဖန်ရှုံ့ချမှုတွေကို
ဥပ္ပက္ခာထားပြီး မင်းနဲ့အတူမရေရာမသေချာတဲ့ လေလိုင်းပေါ်မှာအိမ်မက်တွေ တည်ဆောက်ခဲ့တယ်။
ချစ်သူတွေဖြစ်ခဲ့ကြတဲ့ သက်တမ်းသုံးနှစ်တလျှောက်လုံး တို့မင်းကိုသစ္စာရှိခဲ့ပါတယ်။ မင်းနေထိုင်တဲ့မြို့မှာ မာစတာဆက်တတ်မယ်လို့ ရည်ရွယ်ခဲ့ဖူးသလို၊ မင်းကလဲ တို့နေတဲ့မြို့ကို ရောက်အောင်လာမယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမယ့် ချစ်သူသက်တမ်းတလျှောက်လုံးမှာ မင်း အွန်လိုင်းပေါ်မှာကောင်မလေးတွေတယောက်ပြီးတယောက်နဲ့ရီစားဖြစ်တယ်။မင်းကောင်မလေးတွေနဲ့ chat room ထဲမှာ ထိတ်တိုက်ဆုံတွေ့တဲ့အခါတိုင်း တို့ကမျက်နှာပူပူနဲ့ရှောင်ထွက်ပေးခဲ့သလို၊တခါတရံတော့လည်းတို့ကမင်းရဲ့အမအဖြစ်သရုပ်ဆောင်ပေးခဲ့ရတယ်။ တို့မင်းကိုအဲ့ဒီလောက်ထိလိုက်လျှောခွင့်လွတ်မူနဲ့နားလည်ထားခဲ့ပါတယ်။
တနေ့တော့ မင်းတို့ကိုချစ်လာလိမ့်မည်လို့မျှော်လင့်ထားခဲ့တယ်....သနားချစ်ပဲဖြစ်ဖြစ်ပေါ့်....။
စာထဲမှာမင်းကတို့နှစ်ယောက်ရဲ့ဘ၀အတွက်ကျောင်းတဖက်နဲ့အလုပ်တွေကြိုးစားတဲ့အကြောင်း၊ တို့ကိုလွမ်းလို့ကွန်ပြူတာပေါ်ကဓာတ်ပုံတွေကြည့်ရင်း မိုးလင်းသွားတဲ့ညတွေရှိတဲ့အကြောင်း
ရေးထားတော့မင်း ကိုသနားစိတ်နဲ့ပိုချစ်ခဲ့ရတယ်။
မင်းးနားထောင်ဖို့ ကဗျာဘွဲ့မူးရဲ့ “ချစ်သူအနားမှာ”ဆိုတဲ့သီချင်းကိုကိုယ်တိုင်ဆိုပြီး တိပ်ခွေလေးကိုပို့ပေးဖူးတယ်။ မင်းအတွက် ကဗျာလေးတွေ မရေးတတ်ရေးတတ်နဲ့ကဗျာစပ်ခဲ့ဖူးတယ်။
အဝေးက မင်းရဲ့စာလွှာလေးတွေကိုမျှော်လင့်ရင်း၊ဖုန်းသံတွေကို စောင့်စားရင်း၊ မင်းနဲ့တွေ့ရမယ့်
ရက်တွေကိုလက်ချိုးရေတွက်ရင်း တို.ကသုံးနှစ်တိတိမင်း အပေါ်မှာ သစ္စာရှိခဲ့ပါတယ်။
၂၀၀၄ခုနှစ်ရဲ့လတစ်လမှာ မင်းဆီကစာလွှာလေးတွေ ရောက်မလာတော့ဘူး။ ဖုန်းသံတွေလဲ အလာကြဲသွားပြီ။ မင်းကို ဖုန်းဆက်တိုင်း မအားဘူးဆိုတဲ့အကြောင်းပြချက်ပဲ ရခဲ့တယ်။တခါတရံမှာ မင်း ကတို့ဖုန်းကိုတောင် မကိုင်တော့ဘူး။ မင်းရဲ့ပြောင်းလဲခြင်းကိုတို့နားလည်လိုက်ပါပြီ။
မင်းလိုအပ်တဲ့အခါမှာ တို့အမြဲရှိပေးခဲ့သလို၊ မင်းမလိုအပ်တဲ့တနေ့ တို့ထွက်သွားပေးရမှာပါ။
မင်းပဲစဉ်စားကြည့်ပါ။ တို့တွေချစ်သူဖြစ်ခွင့်ရခဲ့တဲ့ နှစ်တွေမှာ၊ မင်းဘက်က တို့ကိုချစ်သူ အဖြစ် မသက်
မှတ်ခဲ့ပါဘူးကွယ်။မင်းနှလုံးသားမှာ အခြားတယောက်သာ အမြဲနေရာယူစမြဲပါ။
မင်းရဲ့အဝေးမှာ တယောက်တည်းတိတ်တဆိတ်ကြေကွဲချိန် ...တို့ရဲ့နာကြင်မှုကို မကြည့်ရက်တော့တဲ့တနေ့၊နယူးယောက်က သူငယ်ချင်းညီမလေးက မင်းစေ့စပ်သွားပြီဆိုတဲ့အကြောင်းတို့ကိုပြောရင်းငိုတယ်။ သူပြောပြလို့ မင်းတို့နှစ်ယောက်ပါတီတခုမှာတွေ့ပြီးစေ့စပ်တဲ့အထိ ဖြစ်သွားကြတယ်လို့သိခဲ့ရတယ်။ မင်းက ထိုမိန်းကလေးရဲ့ အချစ်ကိုရဖို့ လက်ကောက်ဝတ်ကိုဖြတ်ပြီး သွေးတွေအများကြီး ထွက်ကြလာတဲ့အထိ
ချစ်သက်သေ ထူပြခဲ့တယ်တဲ့လေ။ တို့ပြုံးမိပါတယ်။ လူတွေဟာ အချစ်နဲ့ ပတ်သတ်လာရင်တနည်းမဟုတ်တနည်းရူးကြစမြဲပါပဲ။
သည်အကြောင်းတွေသူငယ်ချင်းတွေသိသွားတော့ တို့အတွက်မျက်ရည်ဝဲရင်း မင်းကိုကျိန်ဆဲကြတယ်။
ထိုညီမလေးကျေးဇူးကြောင့် မင်းရဲ့ မိန်းကလေးကိုမြင်ခွင့်ရခဲ့တယ်။ကြိုးတချောင်းအကျီင်္နဲ့စကပ်တိုတို
ဝတ်ထားတဲ့ မင်းရဲ့မိန်းကလေးဟာသိပ်ကိုလှပပါတယ်။ သနပ်ခါးကလွဲပြီးမျက်နှာမှာ အပြင်ဆင်ကင်းတဲ့ တို့ကိုယဉ်ယဉ်လေးနဲ့လှတယ်လို့မင်းပြောခဲ့ဖူးတဲ့စကားကိုပြန်လည်ကြားယောင်မိတယ်။
အော်.............အခုတော့လဲသနပ်ခါးမျက်နှာကိုငြီးငွေ့သွားလို့၊ ဆေးရောင်စုံမျက်နှာကို မင်းချစ်တတ်သွားခဲ့ပြီ ပေါ့နော်။
သူငယ်ချင်းတွေ ၀ိုင်းတားတဲ့ကြားက မင်းကိုဖုန်းဆက်ပြီး”ကွန်ဂရက်ကျူလေးရှင်း ပြောတော့”ကိုယ့်ကိုခွင့်လွတ်ပါ ဆိုတဲ့ မင်းရဲ့ငိုသံတ၀က်ပါတဲ့စကားသံ ကို ဘ၀တသတ်မှာ နောက်ဆုံးအကြိမ်ဖြစ်ကြားခဲ့ရတယ်။
ချစ်တိုင်းလည်းမညား၊ ညားတိုင်းလည်းမချစ်ဆိုတဲ့စကားဟာ တို့နှစ်ယောက်အတွက်တမင်ရည်ရွယ်ခဲ့တာလား။ တကယ်ဆို မင်းကိုချစ်တဲ့အချစ်တွေထဲမှာရယူပိုင်ဆိုင်လိုစိတ်တခုထဲနဲ့ချစ်ခဲ့တာ
မဟုတ်ပါဘူး။ အခုတော့လေလှိုင်းပေါမှာကိုယ့်ရဲ့စိတ်ကူး၊အိမ်မက်တွေပျက်သုံး သွားခဲ့ပြီနော်။
မင်းရဲ့မင်္ဂလာလက်ဖွဲ့အတွက်အမြတ်တနိုးသိမ်းထားတဲ့ မင်းရဲ့စာလွှာလေးတွေ၊ ပို့စကတ်လေးတွေရယ်၊ပြီးတော့ တို့မွေးနေ့မှာ မင်းလက်ဆောင်ပေးခဲ့တဲ့ ပလက်တီနန်ဆွဲကြိုးလေးကိုဘူးထဲမှာထည့်ပြီးလက်ဖွဲ့လိုက်တယ်။
ဘ၀မှာအမြတ်နိုးဆုံးအရာကို တခြားလူကိုပေးလိုက်ရတာ၊ စွန့်လွတ်လိုက်ရတာ အခက်ခဲဆုံးအလုပ်တခုပါပဲ။
မင်းကိုလက်ဖွဲ့ဖို့စာတိုက်ကိုအသွားမှာ၊သူငယ်ချင်းတယောက်က“မိဆွိသည်ကောင်ပေးတဲ့ဆွဲကြိုးကိုပြန်ပေးမနေနဲ့.. ဒါကိုရောင်းပြီး ငါတို့ကို ထမင်းလိုက်ကျွေးဟာ”လို့ပြောပြီး ရယ်ကြတယ်။ သေလိုက်ပါလားလို့ပြန်ပြောပြီးသူတို့နဲ့အတူအကျယ်ကြီးလိုက်ရီမိတယ်။
ဲ့
ရီတော့ရီနေတာပါပဲလေ......၊
ဒါပေမယ့်
မျက်လုံးတွေကျတော့ဝေနေတယ် .......။
